Khuda Haafiz (2) 2022 (Review)

(adsbygoogle = window.adsbygoogle || []).push({});

Hello to all Movies & Tv Shows Fans. Before starting the review, let me introduce myself. I'm @suhlaing. I live in Myanmar. This review is my first post on Movies & Tv Shows. I am happy to have the opportunity to meet all those with similar interests. Since this is the first review, please ask for forgiveness if necessary.

IMG_20230813_134533_437.jpg

IMG_20230813_134526_404.jpg

Image source

Movies & Tv Shows Fans အားလုံး မင်္ဂလာပါ။ Review မစတင်မီ ကျွန်မကို ကျွန်မ မိတ်ဆက်ပါရ​စေ။ ကျွန်မက​တော့ @suhlaing ဖြစ်ပါတယ်။ ကျွန်မက မြန်မာမှာ ​နေထိုင်ပါတယ်။ ဒီ Reviewက Movies & Tv Showsမှာ ကျွန်မရဲ့ ပထမဆုံး Post ဖြစ်ပါတယ်။ ဝါသနာတူ​တွေ အားလုံးနဲ့​တွေ့ဆုံခွင့်ရလို့ ​ပျော်ရွှင်မိပါတယ်။ ပထမဆုံး Review ဖြစ်တဲ့အတွက် လိုအပ်ချက်ရှိရင် ခွင့်လွှတ်​ပေးဖို့ ​တောင်းဆိုပါရ​​စေ။

Khuda Haafiz-2 (2022)

The movie I am going to review today is an Indian movie. In this film, I can give you all the details of the story.

This movie is directed by Faruk Kabir and male actor Vidyut Jammwal, female actor Shivaleeka Oberoi are co-starring.

ကျွန်မ ဒီ​နေ့ Review လုပ်မည့် ဇာတ်ကားက​တော့ အိန္ဒိယ Movie ဖြစ်ပါတယ်။ ဒီဇာတ်ကား​မှာ သုတ ရသ အလွမ်း အကြမ်း အကုန်လုံးကို ​ပေးနိုင်ပါတယ်။

ဒီဇာတ်ကားကို Director - Faruk Kabir က ရိုက်ကူးထားပြီး အမျိုးသား သရုပ်​ဆောင် Vidyut Jammwal, အမျိုးသမီး သရုပ်​ဆောင် Shivaleeka Oberoiတို့က တွဲဖက် သရုပ်​ဆောင်ထားပါတယ်။

You Show to Youtube channel

Storyline
ဇာတ်လမ်းအကျဥ်း
Sami and his wife are passing each day with unhappiness. His wife, Nagi, was abused while living abroad. Her past haunts her until now as a bad past. The couple spends every day without happiness. Her husband, Sami, made Nagi happy, but Nagi couldn't escape from her bad past.

Nagi's mental condition is getting worse day by day, so she is seeing a psychologist. One day, Nagi found a light that would allow him to move forward in life.

ဆမီးတို့ ဇနီး​မောင်နှံဟာ မ​ပျော်ရွှင်မှု​တွေနဲ့ ​နေ့ရက်တိုင်းကို ​ကျော်ဖြတ်​နေရပါတယ်။ ဇနီးဖြစ်သူ နာဂီဟာ နိုင်ငံခြားမှာ ​နေထိုင်စဥ်က မုဒိန်းကျင့် ခံခဲ့ရဘူးပါတယ်။ သူမရဲ့ အတိတ်​တွေက မျက်​မှောက်အချိန်အထိ အတိတ်ဆိုးတစ်ခုအဖြစ် ​ခြောက်လန့်​နေပါတယ်။ သူတို့ ဇနီး​မောင်နှံဟာ ​ပျော်ရွှင်မှုကင်းမဲ့စွာနဲ့ ​နေ့ရက်တိုင်းကို ဖြတ်သန်း​နေရပါတယ်။ ခင်ပွန်းဖြစ်သူ ဆမီးက နာဂီကို ​ပျော်​အောင်ထား​ပေမဲ့ နာဂီ တစ်​ယောက်က​တော့ အတိတ်ဆိုးက​နေ မလွတ်​မြောက်နိုင်ခဲ့ပါဘူး။

နာဂီရဲ့ စိတ်အ​ခြေအ​နေဟာ တ​နေ့တခြားဆိုးရွားလာတာ​ကြောင့် စိတ်ပညာရှင်နဲ့ ပြသ​နေရပါတယ်။ တ​နေ့မှာ​တော့ နာဂီ အတွက် ဘဝကို ​ရှေ့ဆက်နိုင်မည့် အလင်း​ရောင်ကို ရှာ​တွေ့ခဲ့ပါတယ်။

Sami went to his friend's brother's house. Sami's friend's brother and Mary left behind a 5-year-old daughter. Sami's friend advises Sami to send the girl to an orphanage because he can't adopt her either. Sami said that since there are only 2 Nagi and him in their house, they can call him for a week.

ဆမီးဟာ သူ့သူငယ်ချင်းရဲ့ အစ်ကိုနဲ့ မရီး နာ​ရေးကို သွားခဲ့ပါတယ်။ ဆမီး သူငယ်ချင်းရဲ့ အကိုနဲ့ မရီးမှာ ၅နှစ်အရွယ် သမီး​လေး တစ်​ယောက် ကျန်ရစ်ခဲ့ပါတယ်။ ဆမီးရဲ့ သူငယ်ချင်းက ​ကောင်မ​လေးကို သူလည်း မ​မွေးစားနိုင်တာ​ကြောင့် မိဘမဲ့​ဂေဟာကို ပို့ဖို့ ဆမီးကို တိုင်ပင်ပါတယ်။ ဆမီးက သူတို့ အိမ်မှာ သူနဲ့ နာဂီ ၂​ယောက်တည်းရှိတာ​ကြောင့် တစ်ပတ်​လောက်​ခေါ်ထားလို့ ရ​ကြောင်း ​ပြောပါတယ်။

Sami took Nandini's hand and brought her home. Nagi doesn't like Nandini. Nagi also refused to sleep together in his bedroom. He treated Nandini coldly. Then I would like to tell the psychiatrist about Nandini. While talking about this, Nagi's hand collided with the plate on the table. Returning to the broken plate, the psychologist gave an example that changed Nagi. This is one of my favorite lines in the movie.

Strikethrough Even if life falls apart, keep rebuilding the broken pieces one by one

ဆမီးက ​ကောင်မ​လေး နန်ဒနီရဲ့ လက်​လေးကိုဆွဲပြီး သူ့အိမ်ကို ​ခေါ်လာပါတယ်။ နာဂီက​တော့ နန်ဒနီကို သ​ဘောမကျပါဘူး။ သူ့အိပ်ခန်းထဲမှာ အတူအိပ်ဖို့ကိုလည်း နာဂီက ငြင်းဆိုခဲ့ပါတယ်။ ​နန်ဒနီကို ​အေးစက်စွာ ဆက်ဆံခဲ့ပါတယ်။ နောက်​တော့ စိတ်​ရောဂါ ပညာရှင်ကို နန်ဒနီရဲ့ အ​ကြောင်း​တွေ ​ပြောပြလိူက်ပါတယ်။ ဒီအ​ကြောင်း​တွေကို ​ပြောဆိုကြရင်း နာဂီရဲ့လက်နဲ့ စားပွဲ​​ပေါ်က ပန်းကန်ပြားကို တိုက်မိလိုက်ပါတယ်။ ပန်းကန်အကွဲကို ပြန်ဆက်ရင်း စိတ်ပညာရှင်က နာဂီကို ​ပြောင်းလဲ​စေတဲ့ ဥပမာ​ပေးခဲ့ပါတယ်။ ဒီ ဇာတ်ကားမှာ ကျွန်မ အကြိုက်ဆုံး စကားစု တစ်ခု ဖြစ်ပါတယ်။
You show to youtube channel

ဘဝက ပြိုလဲသွားရင်​တောင် ပျက်စီးသွားတဲ့ အပိုင်းအစ​တွေကို တစ်စဆီဆက်ပြီး ပြန်လည်တည်​ဆောက်ပါ

Nagi changes his mind towards Nandini and starts treating him gently. One day, Nandini was bitten by a dog while sitting on the front steps. When Nandini shouted "Mom", Nagi ran from the kitchen and started fighting the dog that had bitten Nandini with a water bottle. After both Nagi and Nandini were bitten by a dog, their family was happy. Nandini was adopted by husband and wife.

Screenshot_20230813-120327_Telegram.jpg

နာဂီဟာ နန်ဒနီအ​ပေါ်ကို စိတ်​ပြောင်းလာပြီး နူးညံ့စွာ ဆက်ဆံလာပါတယ်။ တ​နေ့​တော့ နန်ဒနီက အိမ်​ရှေ့​လှေကားမှာ ထိုင်​နေရင်း ​ခွေးတစ်​ကောင်ရဲ့ ကိုက်ခြင်းကို ခံရပါတယ်။ နန်ဒနီက " အ​မေကို "ဆိုပြီး ​အော်လိုက်တာ​ကြောင့် နာဂီဟာ ချက်ပြုတ်​နေရာက​နေ အ​ပြေးလာပြီး နန်ဒနီကို ကိုက်တဲ့ ​ခွေးကို ​ရေပန်းခရားနဲ့ တိုက်နှပ်ပါ​တော့တယ်။ နာဂီ​နဲ့ နန်ဒနီ နှစ်​ယောက်စလုံး ​ခွေးကိုက်ခံရပြီး​နောက်မှာ​တော့ သူတို့ မိသားစု​လေးက ​ပျော်ရွှင်စရာ​ကောင်းခဲ့ပါတယ်။ နန်ဒနီကို ဆမီးတို့ လင်မယားက အပိုင်​မွေးစားခဲ့ပါတယ်။

But fate is not on their side. Nandini was abducted along with a 15-year-old girl who went to school with her, and was raped and died. The main person involved in this case is the grandson of a powerful family.

Screenshot_20230813-132811_Telegram.jpg

Sami sought justice for her daughter from the public police, but was unsuccessful. He went to jail for that case because he broke into the police chief's house and beat him up. In prison, he was in a life-threatening fight with the gang leader, and became friends with the gang leader.

Screenshot_20230813-132845_Telegram.jpg

After being released from prison, Sami began to take revenge for her daughter Nandini. After killing his accomplices in the country, he chased the murderer who fled to Rome. Look for the ending with Roman background scenes.

Screenshot_20230813-134405_Telegram.jpg

Screenshot_20230813-133538_Telegram.jpg

Screenshot_20230813-133726_Telegram.jpg

Screenshot_20230813-134219_Telegram.jpg

Screenshot_20230813-133435_Telegram.jpg

Screenshot_20230813-133427_Telegram.jpg

The pictures are taken by Ss from the movie.

Thank you for reading to the end.

ဒါ​ပေမဲ့ ကံကြမ္မာက သူတို့ဘက်မှာ ရှိမ​နေပါဘူး။ နန်ဒနီ​​​လေးဟာ သူမနဲ့ အတူတူ ​ကျောင်းသွားတဲ့ အိမ်နားက ၁၅နှစ်အရွယ် ​ကောင်မ​လေးနဲ့အတူ ပြန်​ပေးဆွဲခံရပြီး မုဒိန်းကျင့်ခံရလို့ အသက်ဆုံးရှူံးခဲ့ရပါတယ်။ ဒီအမှုမှာ အဓိက ပါဝင်ခဲ့သူက အင်အားကြီး မိသားစုရဲ့ ​​မြေးဖြစ်​နေပါတယ်။

ဆမီးဟာ သမီး​လေးအတွက် တရားမျှတမှုကို ပြည်သူ့ရဲ​တွေဆီမှာ ရှာ​ဖွေခဲ့​ပေမဲ့ မရခဲ့ပါဘူး။ ရဲစခန်းမှူးကို ​နေအိမ်ထဲအထိ ဝင်​ရောက် ရိုက်နှပ်ခဲ့တာ​ကြောင့် အဲ့ဒီအမှုနဲ့ ​ထောင်ကျခဲ့ပါတယ်။ ​ထောင်ထဲမှာ ဂိုဏ်း​ခေါင်း​ဆောင်​တွေနဲ့ အသက်လုရန်ပွဲ​တွေ ဖြစ်ကြရင်း ဂိုဏ်း​ခေါင်း​ဆောင်​နဲ့ ခင်မင်ခဲ့ပါတယ်။

​ထောင်ကလွတ်လာတဲ့​နောက်မှာ​တော့ ဆမီးက သူ့ သမီး​လေး နန်ဒနီအတွက် လက်စား​ချေပါ​တော့တယ်။ ​နိုင်ငံအတွင်းက ကြံရာပါ​တွေကို သတ်ပြီးတဲ့ ​နောက်မှာ​တော့ ရောမအထိ ထွက်​ပြေးသွားတဲ့ လူသတ်တရားခံကို လိုက်ဖမ်းခဲ့ပါတယ်။ ​ရောမ​နောက်ခံ ရိုက်ကွင်း​​တွေနဲ့အတူ ဇာတ်သိမ်းပိုင်းကို​​တော့ ရှာ​ဖွေ ကြည့်ရှု့လိုက်ပါ​နော်။

ဓါတ်ပုံများသည် Movie မှ Ss ရိုက်ထားခြင်းဖြစ်သည်။

အဆုံးထိ ဖတ်ရှု​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ်။
untitled.gif



0
0
0.000
(adsbygoogle = window.adsbygoogle || []).push({});
10 comments
avatar

@myothuzar, the HiQ Smart Bot has recognized your request (2/3) and will start the voting trail.

In addition, @suhlaing gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

avatar

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103